Wednesday 29 October 2008

တစ်ချက်လောက်ငဲ့ကြည့်ကြပါအုံး

ဧရာဝတီတိုင်း၊ဒေးဒရဲမြို့နယ်အနီးရှိပင်လယ်နှင့်နီးသောအနောက်ဖက်တိုးရွာနှင့်ဆားကျင်း
ကျေးရွာများရှိ ပြည်သူများသည် အစားအစာပြတ်လပ်မှုနှင့် ဒုက္ခများစွာရင်ဆိုင်နေရပြီးအ
ဆိုပါကျေးရွာများသို့အစိုးရကယ်ဆယ်ရေးအဖွဲ့များ၊ကုလသမဂ္ဂနှင့်နိုင်ငံတကာNGOအဖွဲ့အ
စည်းများလာရောက်ခြင်းမရှိကြောင်း၊အနောက်ဘက်တိုးကျေးရွာတွင်မိသားစုဝင်ပေါင်း(၆၀၀)
ခန့်နှင့်ဆားကျင်းကျေးရွာတွင်မိသားစုဝင်ပေါင်း(၄၀၀)ခန့်လက်ရှိနေထိုင်လျှက်ရှိကြောင်းနှင့် ၎င်းကျေးရွာများရှိလူထုသည်ပြည်တွင်းပုဂ္ဂလိကများ၏လှူဒါန်းမှုဖြင့်သာရပ်တည်နေရကြောင်း
သိရသည်။အဆိုပါကျေးရွာများ၏လယ်မြေများမှာလည်းဆားငံရေ၀င်ရောက်၍သုံးမရသေး
ကြောင်း၊ရေလုပ်ငန်းဖြင့်သာအသက်မွေးဝမ်းကျောင်းမှုပြုနေရကြောင်း၊သို့ဖြစ်၍ဆန်စပါးအပါ
အင်စားနပ်ရိက္ခာများလိုအပ်လျှက်ရှိကြောင်းသိရသည်။အနောက်ဘက်တိုးကျေးရွာရှိမဟာသိမ်
ဘုန်းတော်ကြီးကျောင်းမှမိဘမဲ့ခလေး(၉၆)ဦးကိုကျွေးမွေးစောက်ရှောက်ထားကြောင်းသိရသည်။

မင်းနိုင်

Monday 27 October 2008

ငုဝါကလေး တရားရလိုက်ပြီ

ရွှေရည်ပိတောက်
နေခြည်ပျောက်မှာ
ဝင်းလက်တောက်ပ
မာန်မာနနဲ့
ချေဖျားထောက်ခါ
ငုဝါကလေး
ညီပုလေးဟု
ပြစ်တင်နှိပ်ချ
ဟားတိုက်ပြတော့
ငုဝါကလေး ပြုံးလျက်ပင် ……။
သကောင့်သားတို့
ပင်ဖျားထိပ်တက်
မောဟရမက်
လောဘဖက်၍ ချိုးဖျက်ချွေချ
ပွင့်ကြေရပြီ
ပိတောက်မျက်ရည် ကျခဲ့ပေါ့ ……။
အော် ရှင်တော် ဗုဒ္ဓ
ဆိုဆုံးမသည်
အနိစ္စ - အမြဲမရှိ၊ ဒုက္ခ ဆင်းရဲခြင်း
အနတ္တ - အစိုးမရပါလား
ငုဝါကလေး တရားရလိုက်ပြီ ……။
(နာနတ်မြေ-သစ္စာနီ)

Thursday 23 October 2008

ရေဆန်မှာ လေထန်ကို ဖြတ်သန်းခြင်း

စဉ်းစားပါ
စကားပြောမယ်

ဝင်္ကဘာ

နောက်ဆုံးတော့ ထွက်ပေါက်ရသွားတယ်

ပိတ်နေတဲ့ တံခါးဟာ

ပွင့်လာမှာပေါ့

စိတ်မရှည်နိုင်တာက

ကိုယ်ညံ့လို့

ဇွဲကြီးပါ သတ္တိရှိပါ

ရေဆန်မှာ လေထန်ကို ကြုံတော့

လောကဓံဆိုတာ

ခံနိုင်ရည်ရှိသူတို့ရဲ့

အောင်ပွဲပေါ့…..

(နာနတ်မြေ-သစ္စာနီ)

ကိုယ့်"အား" ကိုသူ့"အား" အဖြစ်ခံမလားNLD

ဗဟိုလူငယ်အောက်မြန်မာပြည်လူငယ်တာဝန်ဟောင်းခင်ထွန်းဦးဆောင်သည့်လူငယ်အဖွဲ့ဝင်(၁၀၉)ဦးနှုတ်ထွက်

ခြင်းသည်NLDပါတီအတွက်ကောင်းသည့်လက္ခဏာမဟုတ်ပါဘူး။စစ်အစိုးရနဲ့နိုင်ငံရေးအရအားပြိုင်နေစဉ်ဤကဲ့သို့

တက်ကြွသည့်လူငယ်မျိုးဆက်သစ်များလူကြီးများနှင့်သဘောထားမတိုက်ဆိုင်၍လမ်းခွဲခြင်းမှာလုံးဝမဖြစ်သင့်သည့်

ကိစ္စတစ်ခုဖြစ်ပါတယ်။’’နွားကွဲလျှင်ကျားဆွဲမည်’’ဟူသောမြန်မာစကားပုံရှိပါတယ်။ယ္ခုကဲ့သို့ခင်ထွန်း၊ထွန်းဇော်ဇော်

နှင့်နေခြည်ဝင်းတို့ဦးဆောင်သည့်လူတစ်ရာကျော်ခွဲထွက်သွားခြင်းမှာအလွန်ပင်အန္တရာယ်ကြီးလှပါတယ်။NLDဥက္ကဌ

ဦးအောင်ရွှေမှ“လူတစ်ရာမကလို့လူသုံးရာထွက်သွားလည်းဂရုမစိုက်ဘူး”ဟုဆိုခြင်းမှာတရားလက်လွတ်ပြောဆိုခြင်း

ဟုယူဆမိပါတယ်။ခေါင်းဆောင်တစ်ဦးအနေဖြင့်အမြော်အမြင်ကြီးသင့်ပါတယ်။ခင်ထွန်းဦးဆောင်သည့်လူငယ်

အဖွဲ့ဝင်(၁၀၉)ဦးဟာNLDပါတီရဲ့အတွင်းသိတွေပါ။NLDပါတီမှာနှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့သူတွေဖြစ်တယ်ဆို

တာမေ့ထားလို့မရပါဘူး။သာဓကအနေနဲ့NLDအဖွဲ့ချုပ်လူငယ်ရုံးခန်းအတွင်းကအဖွဲ့ချုပ်နဲ့သက်ဆိုင်တဲ့စာရွက်စာတမ်း

၊ဓါတ်ပုံမှတ်တမ်း၊ဗွီဒီယိုမှတ်တမ်းတွေကိုခင်ထွန်းတို့အဖွဲ့ကယူဆောင်သွားတဲ့အတွက်(၂၀၊၁၀၊၀၈)ရက်နေ့မှာရုံးအဖွဲ့မှူး

ဦးဝင်းမြင့်ကပြန်တောင်းနေရပါတယ်။ဒါ့အပြင်ဒီထက်အရေးကြီးတဲ့Dataအချက်အလက်ပေါင်းများစွာပါမသွားဘူးလို့

ဘယ်သူအာမခံနိုင်မှာလဲ။စစ်အစိုးရကလည်းဒီအကွက်ကိုချောင်းနေတာ။သူတို့ရဲ့နည်းဗျူဟာကအကိုင်းအခက်တွေအရင်

ရှင်းပြီးမှပင်စည်ကိုလှဲမှာမဟုတ်လား။အင်အားနည်းအောင်အရင်သွေးခွဲမယ်၊ကိုယ့်လူဖြစ်အောင်စည်းရုံးမယ်။ပြီးရင်အိမ်

ကြက်ချင်းအိုးမဲသုတ်ပြီးပြန်ခွတ်ခိုင်းမယ်။”ယာလည်းညက်စေ၊ကြက်လည်းမောစေ”လုပ်ပြီးကြက်နှစ်ကောင်လုံးမောမှ နှစ်ကောင်လုံးကိုရိုက်မယ်ပေါ့။ထင်ရှားတဲ့သာဓကတွေက၈၈အဖွဲ့ကနေအေးလွင်တို့အဖွဲ့ကိုခွဲထုတ်တာ၊KNUကနေ DKBAကိုခွဲထုတ်ပြီးပြန်တိုက်ခိုင်းတာတွေပါဘဲ။အခုဆိုရင်ခင်ထွန်းတို့အဖွဲ့ကိုစည်းရုံးဖို့ချောင်းနေလောက်ပြီ။ခင်ထွန်း

တို့ကလည်းရွေးကောက်ပွဲဝင်မယ်ဆိုပြီးလူငယ်တွေကိုလိုက်စည်းရုံးပြီးတစ်စင်ထောင်နေတယ်ဆိုတော့အံ့ကိုက်ပေါ့။

မျိုးညွှန့်၊လှဦးနဲ့အေးထွန်းတို့ကလည်းနေရာရပြီဆိုတာနဲ့(၂၀၊၁၀၊၀၈)၀၉း၃၀ချိန်မှာခင်ထွန်းတို့နေခဲ့တဲ့ရုံးခန်းကိုပြန်

ရှင်းပြီး၎င်းတို့ရုံးခန်းအဖြစ်ကြေငြာဖွင့်လှစ်ရတာနဲ့အစည်းဝေးခေါ်ရတာနဲ့အလုပ်တွေရှုပ်ပြနေလိုက်ကြတာ။တကယ့်

အန္တရာယ်ကိုမမြင်ကြဘူး။မျက်ကန်းတစ္တေမကြောက်ဆိုတဲ့အတိုင်းဘဲ။တကယ်ဆိုရင်ခင်ထွန်းဦးဆောင်တဲ့အဖွဲ့ဟာ NLDကိုသာနှုတ်ထွက်စာတင်ထားပေမဲ့ရွေးကောက်ပွဲကော်မရှင်ကိုနှုတ်ထွက်စာပေးပို့ထားခြင်းမရှိသေးဘူးလို့သိရပါ

တယ်။သူ့အားကိုကိုယ့်အားဖြစ်အောင်တောင်မှစည်းရုံးရအုံးမှာပါ။(သားသုံးသားစည်းရုံးရေးတို့ဘာညာတို့ပေါ့)။အခု

ဟာကကိုယ့်အချင်းချင်းတွေဘဲဗျာပြန်ညှိရတာအဲ့ဒီလောက်ခက်မယ်မထင်ပါဘူး။အခိုက်အတန့်သဘောထားကွဲလွဲ

ကြတာပဲ။နအဖနဲ့ပေါင်းမိသွားရင်တော့ရှေ့ရေးဟာရင်လေးစရာတွေဖြစ်လာပါလိမ့်မယ်။NLDပါတီဟာပြည်တွင်းမှာ

သာမကပြည်ပမှာရောက်ရှိနေကြတဲ့အဖွဲ့အစည်းတွေအားလုံးနီးပါးရဲ့အဓိကမဏ္ဍိုင်ပါပဲ။NLDရဲ့ပြိုလဲခြင်းဟာသူတို့တွေ

ရဲ့အနာဂါတ်ပြိုလဲခြင်းပါပဲ။မြန်မာပြည်သူတွေရဲ့ဒီမိုကရေစီအိမ်မက်ပျက်ပြယ်ခြင်းပါဘဲ။အမှိုက်ကစပြဿဒ်မီးလောင်နိုင်

ပါတယ်။အဲ့ဒါကြောင့်ယ္ခုဖြစ်ပေါ်နေသောကိစ္စအားအလေးထားပြီးအကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ကြပါရန်နှိုးဆော်

အပ်ပါတယ်။

မင်းနိုင်

Monday 20 October 2008

ရွှေပြည်သာမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွား

၂၀၀၈ခုနှစ် အောက်တိုဘာလ (၉)ရက် ညနေ ၅း၃၀ အချိန်တွင် ရွှေပြည်သာမြို့နယ် (၁၈)ရပ်ကွက် ရေပြာလမ်းသွယ် အိမ်အမှတ် (၂၉၈/က)တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားကြောင်း သိရှိရသည်။ဖြစ်ပွားပုံမှာဦးမြအုန်း၏သားဖြစ်သူ သက်ဦးဝင်း(၃၅)နှစ်သည်ဘုရားကြေးပန်း အိုးတစ်ခုအတွင်း ယမ်းထည့်ပြီး ဒီတိုနေတာ တပ်ဆင်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ခြေ၊ လက် များပြတ်ပြီး ဦးနှောက်ပွင့်ထွက်၍ ပွဲချင်းပြီး သေဆုံးခဲ့သည်။ ပေါက်ကွဲသံကြောင့် BE တပ်ဖွဲ့များ ရောက်ရှိ၍ ရှာဖွေစစ်ဆေးရာ အိမ်နံရံကြားမှ ဒီတိုနေတာ (၆)လုံး၊ ဘုရားပန်းအိုးအတွင်းမှ ဒီတိုနေတာ(၂)လုံး ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ နအဖမှ၎င်း၏ဖခင်ဖြစ်သူ ဦးမြအုန်းအား စစ်ဆေးမေးမြန်းရန် ဖမ်းဆီးသွားကြောင်း သိရသည်။

မင်းနိုင်


Saturday 18 October 2008

ကြွေသွားသော ကြယ်များကိုယ်စား

ဘ၀ရဲ့ အချိန်ဇယားတွေ
ပုတ်သိုး ကုန်အောင်
မာယာညပေါင်းများစွာနဲ့
ကဝေသည် ပြုစားလို့ထားပေမဲ့
ဖုန်ဆိုး မျက်ရိုင်း တွေကို
ခုတ်ထွင်ရှင်းလင်းပြီး
ယွီကုန်း တောင်ဖြိုနည်းနဲ့
ဒို့လျှောက်လာလိုက်တာ
အတော်ခရီးရောက်ခဲ့ပြီ
အားတင်းလိုက်စမ်းပါ
ရဲရင့်ခြင်းရဲ့ ကြယ်စုများ
လင်းလက်ခြင်းရဲ့ ကြယ်စုများ

(သစ္စာနီ-နာနတ်မြေ)

Friday 10 October 2008

ဝါရင့် နိုင်ငံရေးသမားကြီးများ၏ လက်တလောNLD ပါတီနှင့်ပါက်သက်၍ဝေဖန်နေမှုများ

လက်ရှိ NLD အဖွဲ့ချုပ်သည် စည်းရုံးရေးအင်အားတိုးတက်လာသည်ဟု ဆိုနိုင်သော်လည်း တစ်ဘက်တွင် CEC အဖွဲ့သို့ရောက်ရှိလာသောဦးဝင်းတင်ခေါင်းဆောင်သည့်အုပ်စုအပေါ် ဦးအောင်ရွှေနှင့် ဦးလွင်မှ ၎င်းတို့၏တာဝန်
များကို မသိမသာလွှဲပြောင်းပေးသည့်သဘောသက်ရောက်နေကြောင်း၊ တာဝန်လွှဲပြောင်းပေးသည်ဟုယူဆရ
ခြင်းမှာဦးဝင်းတင်ဦးဆောင်လာခြင်းကြောင့် NLDအဖွဲ့အနေဖြင့်အင်အားတိုးလာပြီးစည်းလုံးညီညွတ်မှုလည်းအ
တန်အသင့်ရရှိခဲ့ ကြောင်းဦးအောင်ရွှေနှင့်ဦးလွင်ခေါင်းဆောင်စဉ်ကအဖွဲ့ချုပ်သည်စည်းလုံးညီညွတ်မှုပြိုကွဲနေ
ကြောင်း၊ထိုပုဂ္ဂိုလ်(၂)ဦးသည်ယ္ခုအခါကျန်းမာရေးအကြောင်းပြ၍တဖြည်းဖြည်းနောက်ဆုတ်သွားနိုင်ကြောင်း၊ ထိုသို့နောက်ဆုတ်သွား ရခြင်းမှာလည်း အာဏာပိုင်အဖွဲ့အစည်းများမှဖိအားအလွန်အကျွံပေးလာသည့်အခါ ရှောင်လွှဲလိုသည့်သဘောဖြစ်နိုင်ကြောင်း၊ ဦးဝင်းတင်၏လုပ်ဆောင်ချက်သည်တိကျပြတ်သားသဖြင့်တစ်ချိန်
ချိန်တွင်ထိပ်တိုက်ရင်ဆိုင်မှုပေါ်လာနိုင်သည်ကိုစိုးရိမ်၍ဦးအောင်ရွှေနှင့်ဦးလွင်သည်နောက်ကွယ်တွင်သာရပ်
တည်လိုပြီးဦးဝင်းတင်တို့အဖွဲ့အားရှေ့သို့တွန်းပို့ခြင်းဖြစ်နိုင်ကြောင်း၊လက်ရှိဦးဝင်းတင်သည်တိုင်းနှင့်ပြည်နယ်၊
မြို့နယ်၊ကျေးရွာများရှိNLDရုံးများကိုပြန်လည်ဖွင့်လှစ်ခွင့်ရရန်နအဖထံ(၁၀.၁၀.၀၈ရက်စွဲနှင့်ထုတ်ပြန်၍တောင်း
ဆိုနေကြောင်းဖွင့်လှစ်ခွင့်မရပါကNLDပါတီသည်တရားဝင်အတိုက်အခံပါတီကြီးတစ်ခုဖြစ်သည့်အတွက်မိမိသ
ဘောဆန္ဒအလျောက်ဖွင့်လှစ်မှာဖြစ်ကြောင်း၊ထိုအခါအာဏာပိုင်အဖွဲ့အစည်းနှင့်ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပေါ်လာ
မည်မှာမုချဖြစ်ကြောင်း၊ရှေ့လျှောက်နိုင်ငံရေးအကြပ်အတည်းများပိုမိုဖြစ်ပေါ်လာနိုင်သည်ဟုဝေဖန်ပြောဆို
လျှက်ရှိကြောင်းသိရှိရသည်။
မင်းနိုင်